ထီးချိုင့်မြို့နယ် မြစိမ်းရောင် စီမံကိန်း (ပဉ္စမ)နှစ်အတွက် ချေးငွေထုတ်ချေးပေးခြင်းဆောင်ရွက်

ထီးချိုင့်  ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော မြစိမ်းရောင်စီမံကိန်း (ပဉ္စမ) နှစ်အတွက် ထုတ်ချေးပေးမှုအား ယမန်နေ့ မွန်းလွဲ()နာရီ အချိန်က ဆားတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမွန်ထက်မှ တောင်သူများစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့်  ရန်ပုံငွေများ သုံးစွဲမှုနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရ မည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆားတွင်းကျေးရွာမြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်သူ  အသင်းသား (၁၀၅)ဦးတို့အတွက် ချေးငွေ(၅၁၂)သိန်းအား ထုတ်ချေးပေးမှု အပေါ်  မြို့နယ်ကျေးလက် ဦးစီးဌာနမှ ဒေါ်အေးမွန်ထက် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော ဝန်ထမ်းများအဖွဲ့မှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်းထီးချိုင့်