ဗန်းမောက်မြို့နယ်တွင် COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် စားသောက်ဆိုင်များအား စစ်ဆေးခြင်းဆောင်ရွက်

ဗန်းမောက်  ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် COVID-19 ရောဂါထိန်းချုပ် ကာကွယ်ရေး အတွက် Mask Campaign ပြုလုပ်ခြင်းနှင့် စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် () နာရီက စားသောက်ဆိုင်များနှင့် မြို့တော်ခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအချိန်သည် COVID-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလဖြစ်သည်နှင့်အညီ ဒေသခံပြည်သူများ အဆိုပါရောဂါမှ ကင်းဝေးစေရန်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို စနစ်တကျသိရှိလိုက်နာဆောင်ရွက်ရေး၊ လက်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်၍ အပြင်သို့သွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦး ()ပေကွာစနစ်ဖြင့် စကားပြောဆိုခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြ ရန်လိုကြောင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြရန်လိုကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သန်းစိုး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အလုပ်အမှုဆောင် ဦးကျော်စွာထက်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်မြို့နယ် လူမှုရေးအသင်းအဖွဲ့များက မြို့တော်ခန်းမရှေ့တွင် ခရီသွားလာကြသည့် ပြည်သူများ၊ ဒေသခံပြည်သူများအား Mask ခုရေ (၅၀၀)ကို ဝေငှခဲ့ပြီး COVID-19 ကာလအတွင်း စားသောက်ဆိုင်းနှင့် လက်ဖက်ရည်ဆိုင်များ ကြိုတင်ကာကွယ်ရေး အတွက် ပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)