တပ်ကုန်း ဩဂုတ် ၃၀
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော် COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့နှင့် တပ်ကုန်း COVID -19 စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ COVID-19 ရောဂါကြိုတင်ကာ ကွယ်နိုင်ရေးနှင့်ကျန်းမာရေးအသိရှိစေရန် ယနေ့ နံနက် ၉နာရီခွဲက တပ်ကုန်းမြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း( Mask)များ ဖြန့်ဝေပေးသည်။
အဆိုပါဈေးတွင် နေပြည်တော် COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့ခေါင်းဆောင် ဦးသက်ထွေး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် ဝန်ထမ်းများ၊တပ်ကုန်း COVID -19 စေတနာ့ဝန်ထမ်းအဖွဲ့ခေါင်းဆောင် ဦးကျော်စိုးလွင်နှင့်အဖွဲ့ ဝင်များ၊ ဒို့တပ်ကုန်း COVID -19 စေတနာ့ဝန်ထမ်းအဖွဲ့ခေါင်းဆောင် ဦးသောင်းထိုက်နှင့်အဖွဲ့ဝင် တို့က တပ်ကုန်းမြို့မဈေးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ်ပြည်သူ များအား နှာခေါင်းစည်း(Mask) တပ်ဆင်ကြရန်နှိုးဆော်ခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးသတိပေးချက်များလိုက်နာဆောင်ရွက်ရေး အသိပေး ပြောကြား ခြင်းနှင့်နှာခေါင်းစည်း (Mask) တစ်သောင်းသုံးထောင်ကို ( အခမဲ့)လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်