ဝက်လက်မြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Maskတပ်ဆင်ရေး အသိပညာပေးဆောင်ရွက်

ဝက်လက် သြဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ဝက်လက်မြို့ နာရီစင်အနီးတွင် ယနေ့နံနက် (၇)နာရီ အချိန်က နေအိမ်ပြင်ပ ထွက်ခွာပါက Mask တပ်ဆင်ရေ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင် များက ယနေ့ နံနက်ပိုင်း နေအိမ်ပြင်ပထွက်ခွာပါက Mask တပ်ဆင်ခြင်း မရှိသူ (၄၈) ဦးကို Mask တစ်ခုလျှင် (၁၀၀ိ/)ကျပ်နှုန်းဖြင့် Mask ငါးခု ကိုဝယ်ယူစေပြီး၊ ချက်ခြင်းတပ် စနစ်ဖြင့် အသိပညာပေး ဆောင်ရွက်နေကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)