သတင်းများ

ကြံခင်းမြို့ ရေနံတောင်အုပ်စုတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် အသိပညာပေးနှိုးဆော်
Sep 05,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ရေနံတောင်အုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား COVID-19 ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
လသာမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းအား ပြည်သူများသိရှိနိုင်ရေးနှိုးဆော်ခြင်းနှင့် စစ်ဆေးအရေးယူခြင်း ဆောင်ရွက်
Sep 05,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လသာမြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ရပ်ကွက်များတွင် နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရ သည်။
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများမြန်အောင်မြို့နယ်အတွင်းဆောင်ရွက်
Sep 05,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့နံနက်က မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေ ဦးဆောင်၍ မြန်အောင်မြို့ နယ်အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆောမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး
Sep 05,2020
အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး မြို့အဝင်ဂိတ်ဖွင့်လှစ်ပြီး ခရီသွားပြည်သူများအား နေ့စဉ်စစ်ဆေးလျက်ရှိ
Sep 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ များပူးပေါင်းကာ ဘက်ပေါင်းစုံမှ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကားများဖြင့် စီးနှင်းလိုက်ပါ လာကြသော ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများနှင့် ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့နယ် ပျံကျဈေး၌ (Mask) များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်
Sep 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌ COVID-19ရောဂါကူးစက်မှု မဖြစ်ပွားစေရန် Mask အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် (၈)နာရီက ပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။
မန့်ဟီးရိုးမြို့တွင် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက်ထောက်ပံ့ ငွေများပေးအပ်
Sep 05,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းသူများကို ထောက်ပံ့ငွေများပေးအပ်လျက်ရှိ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယမန်နေ့နံနက်(၉)နာရီ အချိန်က မသန်စွမ်းသူများထံသို့ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
မုံးကိုးမြို့၊ နယ်စပ်ဒေသရှိ ရတနာမုနိတောင်ပေါ်စေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နယ်စပ်ဒေသရှိ ရတနာမုနိတောင်ပေါ်စေတီတော်၌ သန့်ရှင်းသာယာလှပရေးအတွက် မုံးကိုးမြို့၊ တပ်မ(၉၉)မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ ဝိုင်းဝန်းပူးပေါင်းပြီး ယနေ့ နံနက်(၈)နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။