နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Sep 05,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် မလေးရှားနိုင်ငံမှ လာရောက်သည့် MV.PAN TOPAZ သင်္ဘောပေါ်မှ သင်္ဘောသား(၁၅)ဦး၊ မလေးရှားနိုင်ငံမှ လာရောက်သည့် M.T GOLDEN UNITY သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MT CT CONFIDENCE သင်္ဘောပေါ်မှ သင်္ဘောသား(၉)ဦး၊ စုစုပေါင်း သင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၃၅)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။