သတင်းများ

ကလောမြို့နယ် ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၆)လုံးနှင့် နွားတင်းကုတ်(၁)လုံးအမိုးလန်ပျက်စီး
Sep 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ဘုရားပြိုကျေးရွာနှင့် ကမ္ဘာနီကျေးရွာအုပ်စု၊ ကျောင်းအရှေ့ကျေးရွာတွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် (၂၆)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
ရိခေါ်ဒါရ်မြို့ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် နယ်စပ်တစ်လျှောက် လုံခြုံရေး စောင့်ကြည့်ခြင်းနှင့် ရပ်ကွက်အတွင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး
Sep 05,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးစောင့်ကြည့်ခြင်းနှင့် ရက်ကွက် အတွင်း အပြင်ထွက် သွားလာသူများ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ တစ်ဦးအား ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံ Facility Quarantine နေရာ၌ စောင့်ကြည့်ထားရှိ
Sep 05,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား တစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၄ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရန် ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံရှိ Facility Quarantine နေရာသို့ စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page ၏ ဉာဏ်စမ်းပဟေဠိအစီအစဉ်အတွက် ဆုလက်ဆောင်ပစ္စည်းများ လာရောက်လှူဒါန်း
Sep 05,2020
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်များ အခမဲ့ဖတ်ရှု ငှားရမ်းပေးခြင်း၊ အထိမ်းအမှတ်နေ့များတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်း၊ ပညာဒါန သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများ မိမိအိမ်မှပင် အသိပညာဗဟုသုတရရှိစေသည့် “အွန်လိုင်း အသိပညာပေးအစီအစဉ်” များကို အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးလျက်ရှိသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 05,2020
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ် ကျင်းပသည်။
ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲ သင်တန်းဧည့်ခံကျွေးမွေးရန် အလှူငွေလှူဒါန်း
Sep 05,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကာ ဖွင့်လှစ်မည့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ သင်တန်းတွင် ဧည့်ခံကျွေးမွေး ရေးအတွက် အလှူငွေထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
လသာမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်
Sep 05,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် Mask တပ်ဆင် သွားလာစေရန် အသိပညာပေးခြင်းနှင့် Mask campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် သစ်ပုတီးကုန်းကျေးရွာတွင် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး
Sep 05,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက် လည်ပတ်မတည် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀၀)ကို ဖွံ့ဖြိုးမှုအားနည်းသည့် ကျေးရွာများအား ရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၄ ရက် ၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် မြစိမ်းရောင် စီမံကိန်းဝင် သစ်ပုတီးကုန်းကျေးရွာရှိ စီမံကိန်းဝင်အသင်းသားများအား ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။