သတင်းများ

သုံးခွမြို့၌ Mask အခု (၅၀၀) အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 06,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့၌ COVID-19 ရောဂါကူးဆက်မှု မဖြစ်ပွားစေရန် Maskအခု(၅၀၀) အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခြင်းနှင့် အသိပညာ ပေးခြင်းကို ယမန် နေ့ည‌ နေ၄နာရီခွဲအချိန်က လူစည်ကားရာနေရာများတွင် ဆောင်ရွက်ကြခဲ့သည်။
ရန်ကင်း မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး မှတ်ပုံတင် မရှိသူများအား ကွင်းဆင်း ဆောင်ရွက် ပေး
Sep 06,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံး ရှုံးစေရေး အတွက်  မှတ်ပုံတင်  မရှိသေးသူများ အား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၃)ရက်နေ့မှ(၁၄)ရက်နေ့ထိ ရပ်ကွက်များ အလိုက် ကွင်းဆင်း  ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကျွန်းလှမြို့နယ်တွင် နန်းကြီးသာချောင်းကူးတံတား ရာနှုန်းပြည့်ပြီးစီး၍ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်
Sep 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရေရှင်-သိုက်တော-လှည်းချောင်းကူး- မယားသာ-ကန်ဇွန်းကျေးရွာလမ်းပေါ်ရှိ နန်းကြီးသာချောင်းကူးတံတားရာနှုန်းပြည့်ပြီးစီး၍ရာသီမရွေး ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပိုးပလေကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Sep 06,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား  မိသားစုများ ရရှိစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင် များနှင့်အသက်(၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ခလော့‌ဒေးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင် ရာအသိပေးနှိူး ဆော်ခြင်း အား အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 06,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည ၈ နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော် ခဲ့ကြကြောင်းသိရသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ နောကောကျေးရွာ ကိုယ်ဝန်ဆောင်မိခင် (၂၃)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက် ကလေးငယ် (၇၉)ဦးတို့အား တတိယအကြိမ်နှင့်စတုတ္ထအကြိမ် ( MCCT ) ထောက်ပံ့ငွေများ ပေးအပ်
Sep 06,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နောကောကျေးရွာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယ အကြိမ်နှင့် စတုတ္ထအကြိမ်        ( MCCT )ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က နောကောကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ တခင်းလုံကျေးရွာ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက် ကလေးငယ်တို့းအား ထောက်ပံ့ငွေများ ပေးအပ်
Sep 06,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တခင်းလုံကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ( MCCT )ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က တခင်းလုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ တခင်းလုံကျေးရွာ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက် ကလေးငယ်တို့းအား ထောက်ပံ့ငွေများ ပေးအပ်
Sep 06,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တခင်းလုံကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ( MCCT )ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က တခင်းလုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။