ကြံခင်း စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ရေနံတောင်အုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား COVID-19 ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို ရေနံတောင်အုပ်စုကျန်းမာရေးမှူး ဦးစမိုးဝင်းအောင်နှင့် ကျန်းမာရေးမှ တာဝန်ရှိသူများ၊ ရေနံတောင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက ပူးပေါင်းပြီး ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် ရောဂါပျံ့နှံ့ကူးစက်မှု မရှိစေရန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောသန့်စင်ရန်၊ ကိုယ်အပူချိန် မြင့်တတ်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများသို့ အမြန်ဆုံးပြသပြီး ကုသမှုခံယူကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)