သတင်းများ

မရမ်းကုန်းမြို့နယ်လူစည်ကားရာစျေးများ၌ ပြန်လည်လျှော်ဖွပ်၍ အသုံးပြု၍ရသော နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး
Sep 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စျေးများ၌ ကိုဗစ်-၁၉ ကာလ နှာခေါင်းစည်း(Mask) တပ်ဆင်၍ သွားလာစေရန် လျှော်ဖွပ်ပြီး ပြန်လည်အသုံးပြု၍ ရသော(Mask) နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘုရင့်နောင်စျေးဝင်း၊ မြရတနာစျေးနှင့် မြဂန္ဓမာစျေးတို့တွင် ဆောင်ရွက်ခဲ့သည်။
မရမ်းကုန်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ နှာခေါင်းစည်းတစ်သောင်း လာရောက်လှူဒါန်း
Sep 05,2020
ပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန်နှင့် ရောဂါပျံ့ပွားမှုမရှိစေရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်အတွင်း အသုံးပြုနိုင်ရန် နှာခေါင်းစည်း အခုရေတစ်သောင်း လာရောက်လှူဒါန်းခဲ့သည်။
ကော့မှူးတွင် နှာခေါင်းစည်း(Mask) အသုံးပြုရေး စစ်ဆေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 05,2020
Covid-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူများ ပြင်ပသို့ သွား/လာရာတွင် နှာခေါင်းစည်း(Mask)အသုံးပြုရေး စစ်ဆေး ကျန်းမာရေး အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မြို့မဈေးရှေ့တွင် ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၌ အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Sep 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆) ရပ်ကွက်ရှိ ပထမနိမ္မိတ သပိတ် မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က အသက်(၁)နှစ်ခွဲ အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေးခြင်းဆောင်ရွက်
Sep 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းမှစ၍ မြို့နယ်အဆင့် ကိုဗစ်-၁၀ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များမှ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် သင်္ဘောဆိပ်၊ စက်တပ် သမ္ဗန်ဆိပ်၊ ဈေး၊ မြို့အဝင်လမ်းဆုံနှင့် အခြားလူစည်ကားရာ နေရာများတွင် ပြည်သူများ လက်ဝယ်အရောက် အကာအကွယ် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှတွင် ဈေးရောင်းဈေးဝယ်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး
Sep 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ဈေးများနှင့် ပျံကျဈေး၌ ဈေးရောင်း/ဈေးဝယ်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မရမ်းကုန်းမြိုနယ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ lock down ချထားသည့်နေရာရှိ အိမ်ထောင်စုများအား စားသောက်ကုန်များလှူဒါန်း
Sep 05,2020
ရန်ကုန်အနောက်ပိုင်း၊ မရမ်းကုန်းမြိုနယ်တွင် ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ lock down ချထားသည့်နေရာရှိ အိမ်ထောင်စုများထံသို့ စားသောက်ကုန်များ လှူဒါန်းခဲ့ကြသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အကျဉ်းသား ကျောင်းသား/ကျောင်းသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Sep 05,2020
၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အကျဉ်းသား ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အနေဖြင့်လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဉ်းထောင်တွင် ကျင်းပသည်။