ငဖဲမြို့နယ် ပဒါန်းကျေးရွာ၌ နှာခေါင်းစည်း (mask) တပ်ဆင်သွားလာခြင်း မရှိသူများအား အရေးယူဆောင်ရွက်
Sep 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချူပ်နိုင်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ပြည်သူများအပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းများစနစ်တကျတပ်ဆင်၍ သွားလာသည့် အလေ့အကျင့်များ ရရှိစေရန်အတွက် အပြင်ထွက် တိုင်း နှာခေါင်းစည်း(mask)တပ်ဆင်သွားလာခြင်းမရှိသူများအား အရေးယူဆောင်ရွက်ခြင်း ကို ယနေ့နံနက် ၇ နာရီက ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။