မန့်ဟီးရိုး စက်တင်ဘာ ၅
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းသူများကို ထောက်ပံ့ငွေများပေးအပ်လျက်ရှိ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယမန်နေ့နံနက်(၉)နာရီ အချိန်က မသန်စွမ်းသူများထံသို့ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့သည်။
မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းမြတ်အောင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်စန္ဒာဝင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖတို့ပါဝင်သောအဖွဲ့သည် ရပ်ကွက်(၁)နှင့် နောင်ဟင် ကျေးရွာအတွင်းရှိ မသန်စွမ်းသူများထံသို့ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ငွေများကို ပေးအပ်ရာတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ ဉာဏ်ရည်ဉာဏ်သွေး မပြည့်ဝသူများ၊ အကြားအာရုံ မသန်စွမ်းသူများ၊ အမြင်အာရုံမသန်စွမ်းသူများကို ထောက်ပံ့ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။ မန့်ဟီးရိုးမြို့အတွင်း ရပ်ကွက်နှင့် ကျေးရွာများအတွင်း မသန်စွမ်း သူ(၁၆)ဦးအား တစ်ဦးလျှင်ငွေကျပ်(၃၀,၀၀၀/-)နှုန်းဖြင့် ငွေကျပ်(၄၈၀,၀၀၀/-) ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရသည်။
စန္ဒာ(ပြန်/ဆက်)