သတင်းများ

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Sep 06,2020
စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ ညနေပိုင်းက စစ်ကိုင်းရတနာပုံ တံတားကြီးအဆင်း မြို့ဝင် စစ်ဆေး ဂိတ်၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း မပါလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် Facility Quarantine အဖြစ် ထားရှိမည့် ကျောင်းဆောင်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်နှံမှုများ မရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်ရမည့်သူများအား
ရွှေဘိုမြို့နယ်၊‌ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုး‌စေ့ ထုတ် တောင်သူများအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်
Sep 06,2020
 စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုမြို့နယ်၊‌ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် အရ(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုး‌စေ့ထုတ်‌ တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့‌‌နံနက် ၇ နာရီအချိန်က ကျောက်‌မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ပူးပေါင်း စစ်ဆေးရေး ဂိတ်များသို့ ထောက်ပံ့ငွေများ ပေးအပ်
Sep 06,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ပြည်ပမှ ပြန်လာသူများအား စစ်ဆေးလက်ခံခြင်း၊ ပြည်တွင်း ခရီးသွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မေးမြန်း၍ မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က နမ့်မန်းစစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ်တို့တွင် တာဝန်ကျနေသော ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ သွားရောက် ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 05,2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နေ့လယ်(၂) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၀င်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၀င် များ၊ မြို့မဈေးကော်မတီ၀င်များတက် ရောက်ခဲ့ကြသည်။
ရေကြည်မြို့နယ်တွင် Facility Quarantine အဖြစ် ထားရှိမည့် ကျောင်းဆောင်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 05,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ် အားလုံးမှ ဝင်ရောက်လာသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသည့် (၇)မြို့နယ်မှ ဝင်ရောက်လာသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန် အတွက် Facility Quarantine ထားရှိမည့် ကျောင်းဆောင်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့်ကြိုတင် ပြင်ဆင် ဆောင်ရွက်မှုများကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဆင်ပေါင်ဝဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ တွေ့ဆုံ၍ မဲရုံများကြည့်ရှုစစ်ဆေး
Sep 05,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဆင်ပေါင်ဝဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 05,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တာမိုးညဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်မိ/ရပ်ဖများတွေ့ဆုံဆွေးနွေးညှိနှိုင်းသည်။