လသာမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းအား ပြည်သူများသိရှိနိုင်ရေးနှိုးဆော်ခြင်းနှင့် စစ်ဆေးအရေးယူခြင်း ဆောင်ရွက်

 

လသာ စက်တင်ဘာ ၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လသာမြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ရပ်ကွက်များတွင် နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရ သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်း ည(၁၂) နာရီမှ နံနက်(၄)နာရီအချိန်ထိ သတ်မှတ် နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်း မပြုကြရန် ညမထွက်ရအမိန့် အား ပြည်သူများ သိရှိလိုက်နာစေရန် ရပ်ကွက်များအတွင်း လှည့်လည်ကာ အသိပေး နှိုးဆော်ခဲ့ပြီး နောက် ညမထွက်ရအမိန့် ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)ဖြင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရ သည်။

မြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ ကျန်းမာရေးကိစ္စဖြင့် ပြင်ပသို့သွားလာ ခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ် ကြောင်း ရပ်ကွက်များအတွင်း နှိုးဆော်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မေသူ(ပြန်/ဆက်)