မြန်အောင် စက်တင်ဘာ ၅
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့နံနက်က မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေ ဦးဆောင်၍ မြန်အောင်မြို့ နယ်အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ် ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေ ဦးဆောင်၍ မြန်အောင်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ညွန့်နှင့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြန်အောင်မြို့ မဟာဓမ္မိကာရာမကျောင်းတိုက်ဝန်း အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အလားတူ မြန်အောင်မြို့နယ် ရွှေကျင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးသူ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ရွှေကျင်နယ်မြေမီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍ ရွှေကျင်ကျေးရွာ တိုက်သစ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)