သတင်းများ

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးအတွက် မဟာအောင်မြေမြို့နယ်တွင် အသံချဲ့စက်ဖြင့် ညစဉ် လိုက်လံအသိပေးနှိုးဆော်
Sep 05,2020
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု လျော့နည်းပပျောက်စေရေး အတွက် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ညစဉ် အသံချဲ့စက်များဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့် ဒေသန္တရအမိန်ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကို လိုက်လံနှိုးဆော် အသိပေးလျက်ရှိကြောင်း သိရှိရသည်။
ကောလင်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ပုံစံ (၁၀-က)ဖြင့် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာပေး
Sep 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကောလင်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ပုံစံ(၁၀-က) ဖြင့် ကပ်ထားကြေညာခြင်းကို သြဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတို့၌ ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၌ အသက်(၆)လမှ(၅)နှစ်အောက်အရွယ် ကလေးငယ်များကို မျက်စိအားဆေး ဗီတာမင်အေနှင့်သန်ချဆေးများ တိုက်ကျွေးနိုင်
Sep 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ(၅)နှစ်အောက် အရွယ်ကလေးငယ်များကို မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးခြင်းကို ယနေ့၊ နံနက်(၁၀)နာရီ အချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၁)၊ အောင်မင်္ဂလာကျောင်းတိုက်၊ သာရေးနာရေးခန်းမ၌ တိုက်ကျွေးသည်။
တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်
Sep 05,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် လှိုင်မြို့ နယ်ပိတောက်ချောင်းရဲစခန်းမှူး ရဲအုပ်သက်နိုင်ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ယမန်နေ့ ည ၁၀ နာရီမှ ၁၂ နာရီထိ ပိတ်ဆို့ ရှာဖွေရေးလုပ်ငန်း များကို စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 05,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦး စီးဌာနတို့မှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြောင်းတကာ ကျေးရွာ(စက်မှုဇုံ) အတွင်းတွင် ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့သည်။
လမ်းမတော်မြို့နယ် UMFCCI တွင် ASIA Business Creation Platform (ABC Platform) Top-Level အစည်းအဝေး ကျင်းပ
Sep 05,2020
လမ်းမတော်မြို့နယ် UMFCCI တွင် COVID-19 ကပ်ရောဂါအပေါ် ကမ္ဘာမှ စီးပွားရေးတုံ့ပြန် ဆောင် ရွက်နေမှုများ၊ ASIA Business Creation Platform (ABC Platform) ၏လက်ရှိလှုပ်ရှားဆောင်ရွက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ယမန်နေ့တွင် ASIA Business Creation Platform (ABC Platform) Top-Level အစည်းအဝေးအား Video Conferencing ဖြင့်ကျင်းပခဲ့ပြီး ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ပါဝင်ဆွေးနွေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး လိုက်လံနှိုးဆော်
Sep 05,2020
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရ အမိန့်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်ရည်ရွယ်၍ ယမန်နေ့ ညက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 05,2020
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ဖြူစင်မေတ္တာနာရေး ကူညီမှုအသင်းမှ Mask အလှူရှင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ စုပေါင်း၍ ပင်လုံမြို့မဈေး၌ လည်းကောင်း၊ လူစည်ကားသည့် ကန်တော်ကြီးလမ်း နှင့်လမ်းမ တော်လမ်းဆုံ၌ ဖြတ်သန်းသွားလာကြသော ပြည်သူများအား ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာအမိန့်ညွှန်ကြားချက်များအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိ ရသည်။