ထီးချိုင့်မြို့နယ် ပျံကျဈေး၌ (Mask) များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်

ထီးချိုင့် စက်တင်ဘာ ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌  COVID-19ရောဂါကူးစက်မှု မဖြစ်ပွားစေရန် Mask အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် (၈)နာရီက ပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။

ပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်လာသူများအား မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌဦးအေးနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအမှု ဆောင်အရာရှိ ဦးခိုင်လွင်သန့်နှင့်ဝန်ထမ်များ၊‌ ဈေးကော်မတီ ဝင်များမှ Maskများကို အခမဲ့ဖြန့်ဝေပေးပြီး Mask တပ်ဆင်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည့် အကြောင်းနှင့် ဈေးရောင်း/ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော COVID-19လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

 

  ရဲလင်းထွန်း ထီးချိုင့်