COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး မြို့အဝင်ဂိတ်ဖွင့်လှစ်ပြီး ခရီသွားပြည်သူများအား နေ့စဉ်စစ်ဆေးလျက်ရှိ

 

ဗန်းမောက်   စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ များပူးပေါင်းကာ ဘက်ပေါင်းစုံမှ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကားများဖြင့် စီးနှင်းလိုက်ပါ လာကြသော ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများနှင့် ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဗန်းမောက်မြို့သို့ လာရောက်ကြသော ခရီးသွားပြည်သူများကို မြို့အဝင် ကျန်းမာ ရေးစစ်ဆေးသည့် နေရာတွင် ကျန်းမာရေးစစ်ဆေးမှုများ၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း (Mask) နှစ်ခုကို တစ်ထောင်ကျပ်နှုန်းဖြင့် အသိပညာပေး လုန်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့အဝင် ကျန်းမာရေးစစ်ဆေးသည့် နေရာတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မြို့နယ်အဆင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ မော်တော်ယာဉ်များတွင် ပေါ်တွင် စီးနှင်းလိုက်ပါလာကြသည့် ခရီးသွားပြည်သူများအား ကျန်းမာရေးစောင့်ကြည့် စစ်ဆေးမှုများကို နေ့စဉ်ဆောင်ရွက် ပေးသွား မည်ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက် များအား ခရီသွားပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်‌ရေး ဆွေးနွေးပြောကြားခြင်းနှင့် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များပါ ဆောင်ရန်၊ ရှောင်ရန်များကို ခရီးသွားပြည်သူ တစ်ဦးချင်းစီအား အသိပညာပေး ဆွေးနွေးပြောကြားကာ  COVID-19 ‌‌ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)