မုံးကိုး စက်တင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နယ်စပ်ဒေသရှိ ရတနာမုနိတောင်ပေါ်စေတီတော်၌ သန့်ရှင်းသာယာလှပရေးအတွက် မုံးကိုးမြို့၊ တပ်မ(၉၉)မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ ဝိုင်းဝန်းပူးပေါင်းပြီး ယနေ့ နံနက်(၈)နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။
မိုးရာသီကာလ၌ ချုံနွယ်များထူထပ်နေသည့် မုံးကိုးမြို့၊ နယ်စပ်ဒေသရှိ ရတနာမုနိတောင်ပေါ် စေတီတော်သို့အသွား လမ်းဘေး/လမ်းဝဲရှိ ချုံနွယ်များကို ရှင်းလင်းခြင်းနှင့် ရတနာမုနိတောင်ပေါ် စေတီတော်ပတ်ပတ်လည်ရှိ သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်သည်။
မုံးကိုးမြို့၊ ရတနာမုနိတောင်ပေါ်စေတီတော်ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားရန် ခက်ခဲနေသည့် ကျေးရွာနေဒေသခံတအာင်း (ပလောင်) တိုင်းရင်းသားရှင် သာမဏေ(၃၂)ပါးကို ဆရာတော်ဦးဝိမလက ပညာသင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)