သတင်းများ

ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ တော်ကမယ်ကျေးရွာနှင့် ကျုံဒူးမြောက်ကျေးရွာများရှိ အသက်(၁၀)နှစ် ပြည့်နှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူတို့၏ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို မြို့နယ်ရုံးတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျေးရွာအများသုံး ရေအရင်းအမြစ် စစ်တမ်းကို ထန်းတပင်မြို့နယ်တွင် ကောက်ယူလျက်ရှိ
Jun 10,2021
ကျေးလက်ဒေသများတွင် သန့်ရှင်းသော ရေများရရှိနိုင်ရေး သောက်သုံးရေအခက်အခဲများမဖြစ် ပေါ်စေရေးနှင့် ကြိုတင်ကာ အကူအညီပေးဆောင်ရွက်နိုင်ရေးတို့အတွက် ကျေးရွာအများသုံးရေ အရင်း အမြစ်စစ်တမ်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကောက်ယူလျက်ရှိပြီး ဇွန်လ(၁၀)ရက်နေ့အထိ ကောက်ယူပြီးစီးမှုအနေဖြင့် ကျေးရွာပေါင်း(၆၄)ရွာ ကို စစ်တမ်းကောက်ယူပြီးစီးနေ ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား စတုတ္ထနေ့မြောက် ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃၀ ဦးထပ်မံ‌တွေ့ ရှိ
Jun 10,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စတုတ္ထနေ့‌မြောက် စစ်ဆေးမှုကို ယနေ့ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၃၀ ဦးထပ်မံ‌တွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးရေး သန်လျင် ကျောက်တန်း ခရမ်းမြို့နယ်များ၌ ပျိုးပင်ပေါင်း ငါးသောင်း ပျိုးထောင် ထားရှိ
Jun 10,2021
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ၂၀၂၀- ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် သန်လျင်မြို့နယ်၊ ကျောက်တန်း မြို့နယ်နှင့် ခရမ်းမြို့နယ်တို့ရှိ (မြို့မ) ပျိုးဥယျဥ်များတွင် ပျိုးပင်ပေါင်း ၅၀၀၀၀ ပျိုးထောင် ထားရှိကြောင်း ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌအသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
Jun 10,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယနေ့နံနက်  ၁၁ နာရီခွဲတွင် ကမမောင်းမြို့၊အမှတ်(၄) ရပ်ကွက်၊ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္ထဥူးကုသလအား ဖူးမျှော်ကြည်ညိုကန်တော့၍ လှူဖွယ်ပစ္စည်း များဖြစ်သည့် ဆန်အိတ် ( ၃၀) ၊ဆီ (၃) ပုံးကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ၂၀၂၀ - ၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ထောက်ပံ့ငွေ အသုံးစရိတ်ခေါင်းစဉ် အောက်မှ ကရင်ပြည်နယ်၊ ကမမောင်းမြို့ကိုးနဝင်း ဘုန်းတော်ကြီးကျောင်း၌ ရပ်ဝေး မှ ပညာလာသင်ကြသောကျောင်းသား၊ကျောင်းသူများအတွက် ဒုတိယ ( ၆)လပတ် ရိက္ခာဆန်ဘိုးထောက်ပံ့လှူဒါန်းငွေကျပ်သိန်း (၂၀၀) အား ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က ဆရာတော်ထံ ဆက်ကပ်ခဲ့သည်။
ငွေဆောင်မြို့ သန့်ရှင်းသာယာလှပစေရေး ပန်းအလှပင်များစိုက်ပျိုး
Jun 10,2021
ဧရာဝတီတိုင်းတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မြို့အဝင်သန့်ရှင်းသာယာ လှပစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ လှပစေရန်အတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ကျုံပျော်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးအလှူငွေများပေးအပ်
Jun 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များရှင်သန် ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များအသုံးပြုနိုင်ရန် ပံ့ပိုးအလှူငွေများ ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ၌ ဇွန် ၁၀ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမာမြို့ရုံး Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Jun 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့်ပူးပေါင်း၍  ယနေ့ နေ့လယ် (၁၂) နာရီက စာရေးဆရာအောင်သင်း ရေးသားသော ''နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။