ရမည်းသင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပန်းခင်းစီမံချက်ဆောင်ရွက်ပေး
Jun 10,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှမြို့နယ်အတွင်း မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။