အမာ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နေ့လယ် (၁၂) နာရီက စာရေးဆရာအောင်သင်း ရေးသားသော ''နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့ဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာအောင်သင်း ရေးသားသော ''နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ '' စာအုပ်အား Book Club အဖွဲ့ဝင် ဒေါ်လှယဉ်သိန်းက နှလုံးသားကိုလေးပေါ်တင်၍ ဆောင်းပါးထဲမှ မြားကိုလေးပေါ်တင်ပြီး ပစ်လိုက်လျှင် နောက်ကို ပြန်မလှည့်တော့ဘဲ တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ပြေးဘိသကဲ့သို့ မိမိနှလုံးသားအဓိဌာန်ကို စိတ်အင်အားသတ္တိတည်းဟူသော လေးပေါ်သို့ တင်ပြီးပစ်လိုက်နိုင်ပါလျှင် ဘယ်မျှခက်ခဲသော အရာကြီးပင်ဖြစ်ပါစေ အောင်မြင်နိုင်မည်မှာအမှန်ဖြစ်ကြောင်းလည်းကောင်း ၊ အဖွဲ့ဝင် ဒေါ်အေးအေးသက်မှ လူငယ်နှင့်သည်းခံမှုအကြောင်းတို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)