ငွေဆောင် ဇွန် ၁၀
ဧရာဝတီတိုင်းတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မြို့အဝင်သန့်ရှင်းသာယာ လှပစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ လှပစေရန်အတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ထိုသို့စိုက်ပျိုးရာတွင် ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦး နှင့်ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ်တွင် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပေါင်းမြက်များ ဖြတ်ခြင်း၊ လမ်းဘေးဝဲယာ တစ်လျှောက် ပန်းအလှပင်များ စိုက်ပျိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ငွေဆောင် မြို့တွင်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ အမှိုက်များကို ကားဝင်ထွက်သွားလာနိုင်သည့် နေအိမ်များအထိ သွားရောက်ကာ နေ့စဉ် သိမ်းဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်သူများ စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်ခြင်း မပြုကြရေး ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါအမှိုက်များကို စနစ်တကျ အမှိုက်ကျင်းနေရာတွင် စွန့်ပစ်ပြီး မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦးထံမှ သိရသည်။
ငွေဆောင်(ပြန်/ဆက်)