သတင်းများ

လေးမျက်နှာမြို့နယ် အ.မ.က-မြစ်ကျိူးကျောင်း၌ စာရေးကရိယာနှင့် မုန့်များလှူဒါန်း
Jun 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အ.မ.က-မြစ်ကျိူးကျောင်းရှိ KG၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအား လေးမျက်နှာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စာရေးကရိယာနှင့် မုန့်များ သွားရောက် လှူဒါန်းခဲ့သည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ
Jun 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာရှိ ရွှေစာစီခန်းမ၌ ကျင်းပခဲ့သည်။
ဘားအံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Jun 10,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဘားအံမြို့နယ် စုပေါင်းရုံးရှိ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း အတိုးငွေဖြင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့်လမ်း ရာနှုန်းပြည့် ပြီးစီး
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ခင်ဝိုင်း မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေ ဖြင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့်လမ်း ရာနှုန်းပြည့်ပြီးစီးမှုအား ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူ များ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 10,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 10,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်ငူ၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ စာဖြေသံဃာတော်များ ပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ မှ ညနေ ၄ နာရီအထိ သာသနာ့ဟိတကာရီဗိမာန်တော်ကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jun 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ် ခန်းမ၌ ကျင်းပခဲ့သည်။