ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး
Jun 10,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးလင်းထိုက်အောင်နှင့် ဝန်ထမ်းများက ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူလယ်သမားများအတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၂၆ ရက်နေ့မှ စတင်၍ မိုးစပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျေးရွာအုပ်စု (၃)အုပ်စုမှ ယမန်နှစ်က ချေးငွေဆပ်ပြီးသူ တောင်သူဦးရေ (၁၅)ဦး၏ လယ်မြေ ဧက(၁၃၁)အတွက် ချေးငွေကျပ် (၁၉၆.၅၀)သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။