သတင်းများ

မင်းဘူးမြို့တွင် ဘူးနှင့်ငှက်ပျော ရောနှောစိုက်ပျိုးခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေ
Jun 11,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ငှက်ပျောစိုက်ပျိုးထားသည့် အပင်ကွက်လပ်များကြားတွင် ဘူးပင်များကို စိုက်ပျိုးထားရာ အပင်ပေါက်ကောင်းပြီး ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Jun 11,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနသည် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က အမှတ် (၃၃၄) ခြေမြန်တပ်ရင်းသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့နယ်တွင် မိုးသီးနှံအဖြစ် ဖူးစားပြောင်း ထပ်မံစိုက်ပျိုး
Jun 11,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဖူးစားပြောင်း များမှာ အထွက်နှုန်းကောင်းပြီး ဈေးအသင့်အတင့်ရရှိကာ စိုက်ပျိုးသူများအတွက် တွက်ခြေကိုက်သော ကြောင့် မိုးသီးနှံ အဖြစ် ရွေးချယ်၍ ထပ်မံ စိုက်ပျိုးကြကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ တိုင်းဒေသကြီးအတွင်း အပြီးအပြတ် ရောင်းချ ပြီးသော ရုပ်ရှင်ရုံ(၆)ရုံ ဝယ်ယူထားသူများနှင့် တွေ့ဆုံဆွေးနွေး
Jun 11,2021

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကသို့ အပြီး ရောင်းချ ထားသည့် ရုပ်ရှင်ရုံ(၆)ရုံ ဝယ်ယူထားသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြား သည်။

နေပြည်တော်အတွင်းရှိ မြို့တွင်းခရီးသည်ယာဉ်များ စည်းကမ်းတကျ ပြန်လည်ပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 11,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့တွင်းခရီးသည်ယာဉ်များအား စည်းကမ်းတကျ ပြန်လည် ပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြစ်ကြီးနားစာဖြေဌာန၌ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလှူငွေများပေးအပ်လှူဒါန်း
Jun 11,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စာဖြေဌာန၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပြည်နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဝန်းသိုကျောင်းတိုက်၌ ကျင်းပလျက်ရှိသော ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သွားရောက်အားပေးကြည်ညိုပြီး အလှူငွေများပေးအပ်လှူဒါန်းကြသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jun 11,2021
၂၀၂၁ ခုနှစ်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ကော့သောင်းမြို့တွင် မီးသတ်တပ်ဖွဲ့မှ လမ်းထွက် သွားလာနေကြသူများအား Face Shield နှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jun 11,2021
ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်မီးသတ်ဦးစီး ဌာနမှ တပ်ဖွဲ့ဝင်များက လမ်းထွက်သွားလာနေ ကြသူများအား Face Shield နှင့် ပါးစပ်နှာခေါင်းစည်း များ ဝေငှတပ်ဆင်ပေးသည့် လှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ လမ်းဆုံ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။