ပင်လည်ဘူးမြို့၌ တစ်ပိုင်တစ်နိုင် ငါးမွေးတောင်သူများအား အခြေခံငါးမွေးမြူရေး တစ်ရက် သင်တန်းဖွင့်လှစ်
Jun 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ငါးလုပ်ငန်းဦးစီးဌာနမှ ကင်းပန်းကျေးရွာ၊ ဝမ်းဘဲအင်းကျေးရွာ၊ မိချောင်းအင်းကျေးရွာ တို့ရှိ တစ်ပိုင်တစ်နိုင် ငါးမွေး တောင်သူများအား အခြေခံ ငါးမွေးမြူရေး တစ်ရက် သင်တန်း လက်တွေ့ စာတွေ့ ဖွင့်လှစ်ပို့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၁၅:၀၀ နာရီအထိ ကင်းပန်းကျေးရွာ အုပ်စု မိချောင်းအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။