ကျုံပျော် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များရှင်သန် ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များအသုံးပြုနိုင်ရန် ပံ့ပိုးအလှူငွေများ ပေး အပ်ခြင်း ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ၌ ဇွန် ၁၀ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းက ယခုငွေများကို ကျေးရွာ စာကြည့်တိုက်များ၏ လိုအပ်သည့်နေရာများတွင် စနစ်တကျအသုံးပြု သွားရန် နှင့် စာဖတ်ရှိန် မြင့်မားရေး လုပ်ငန်းများကြိုးပမ်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က အလှူငွေ ရရှိပံ့ပိုးနိုင်မှုအခြေအနေနှင့် မြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျိုက်ပါကျေးရွာအုပ်စု၊ ရတနာပုံ စာကြည့်တိုက်အတွက် အလှူငွေကျပ် (၂)သိန်းနှင့် ကညင်ဆိုင်ကျေးရွာအုပ်စု မြတ်ရွှေနဒီ စာကြည့်တိုက်အတွက် အလှူငွေ ကျပ် (၁)သိန်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေးအပ်ရာ ပြန်/ဆက် ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စာကြည့်တိုက် တာဝန်ရှိသူတို့က အသီးသီး လက်ခံရ ယူခဲ့ကြကြောင်း သိရသည်။