သတင်းများ

အောင်လံမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းအား မြို့တွင်းလှည့်လည်ကြေညာ
Sep 15,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် နှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအားလုံးတွင် ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရ သည်။
သိန္နီမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပို့ချ
Sep 15,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အောင်မင်္ဂလာခန်းမ၌ ယနေ့နံနက် (၁၁) နာရီအချိန်ခန့် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိပုဂ္ဂိုလ်များ က ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပို့ချသည်။
ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညမထွက်ရအမိန့်ထုတ်ပြန်
Sep 15,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် ယနေ့မှ စတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထား ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တံတားဦးမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
Sep 15,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် အမျိုးသမီးများ၌ ဒုတိယဖြစ်ပွားမှု အများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ ၊ မရှိ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းတွင်မျိုးကွဲပယ်ခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီခန့် က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေ
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင် ကာကွယ်နှင့် ထိန်းချုပ်နိုင်ရေးအတွက် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်တောင်သူများအား ဒုတိယအရစ်ထောက်ပံ့ကြေးငွေများကို လက်ဝယ်အရောက် ပေးအပ်
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်တောင်သူများအား တစ်ဧကလျှင် ထောက်ပံ့ကြေးငွေကျပ် ၁၄၈၅၀၀ နှုန်းဖြင့် နှစ်ရစ်ခွဲပြီး ထောက်ပံ့ပေးအပ်လျက်ရှိရာ ဒုတိယအရစ် ငွေကျပ် ၆၅၀၀၀ ယနေ့နံနက်က လှိုင်းတက်စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တောင်သူတစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် စည်ပင်သာယာဈေးများအတွင်း ပါဆယ်စနစ်ဖြင့် ရောင်းချရန် နှိုးဆော်ဆောင်ရွက်
Sep 15,2020
ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်များ ယနေ့မှစတင်၍ ဆိုင်တွင်ထိုင်၍ စားသောက်သည့် စနစ်အစား ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန် ညွှန်ကြားလာသဖြင့် ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၎င်းပိုင်ဈေးများအတွင်း ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် နှိုးဆော် ဆောင်ရွက်ခဲ့သည်။