သတင်းများ

၂၀၂၀ ပြည့်နှစ်၊ သာသနာ့ဓဇဓမ္မစရိယဘွဲ့ အောင်မြင်တော်မူသော သံဃာတော်အရှင်သူမြတ် (၁၃)ပါးကို ဂုဏ်ပြုပူဇော်ပွဲကျင်းပပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေး
Jun 11,2021
၂၀၂၀ ပြည့်နှစ်၊ သာသနာ့ဓဇဓမ္မစရိယဘွဲ့ အောင်မြင်တော်မူသော တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ဂုဏ်ဆောင် သံဃာအရှင်သူမြတ်(၁၃)ပါးအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ပုလောမြို့လယ်ဝိုင်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ
Jun 11,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး ရှင်စောပု အစည်းအဝေးခန်းမတွင် ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပင်လည်ဘူးမြို့၌ တစ်ပိုင်တစ်နိုင် ငါးမွေးတောင်သူများအား အခြေခံငါးမွေးမြူရေး တစ်ရက် သင်တန်းဖွင့်လှစ်
Jun 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ငါးလုပ်ငန်းဦးစီးဌာနမှ ကင်းပန်းကျေးရွာ၊ ဝမ်းဘဲအင်းကျေးရွာ၊ မိချောင်းအင်းကျေးရွာ တို့ရှိ တစ်ပိုင်တစ်နိုင် ငါးမွေး တောင်သူများအား အခြေခံ ငါးမွေးမြူရေး တစ်ရက် သင်တန်း လက်တွေ့ စာတွေ့ ဖွင့်လှစ်ပို့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၁၅:၀၀ နာရီ အထိ ကင်းပန်းကျေးရွာ အုပ်စု မိချောင်းအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 10,2021
မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဆန်းနိုင်နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ မြို့နယ်အတွင်း အမှန် တကယ်နေထိုင်ခြင်း၊ လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင်ကတ်ပြားမရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေ ထိုင်ပြီး လူဦးရေစာရင်း မရှိသူများ၊  မှတ်ပုံတင်ကတ်ပြားမရှိသူများကို အိမ်ထောင်စုလူဦးရေနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်ဆောင်ရွက်ကာ ပြုလုပ် ပေးလျက်ရှိရာ ယနေ့နံနက် (၆) နာရီအချိန်က အရှေ့ကုန်းကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာသို့ နယ်လှည့်ကွင်းဆင်း သွားရောက်ကာ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရေပြင်ကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်
Jun 10,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက် လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်ရန်အတွက် မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၁၀ နာရီက အောင်တပ်ရပ်ကွက်ရှိ သင်္ဘောဆိပ်၌ ရေပြင်ရှာဖွေရေး ဇာတ်တိုက် လေ့ကျင့် ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 10,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀ နာရီချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
Jun 10,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်  ပုဏ္ဏဝကျေးရွာအုပ်စု၊ ကိုးကန်တန်းကျေးရွာအုပ်စုအတွင်း နေထိုင်သည့် တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေး ယမန်နေ့တွင် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ် ရှမ်းရွာကျေးရွာတွင် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းဆင်းပွဲကျင်းပ
Jun 10,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ရှမ်းရွာကျေးရွာတွင် ဟိတဓရဖောင်ဒေးရှင်း(ခွဲ) အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားသော ယဉ်ကျေးလိမ္မာ/စမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရှမ်းရွာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။