သီပေါမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ
Sep 16,2020
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားလျက်ရှိသဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်အမှတ် (၅/၂၀၂၀) ကို စက်တင်ဘာလ ၁၅ ရက် နေ့စွဲဖြင့် ညမထွက်ရအမိန့်အား ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။