သတင်းများ

အုတ်ဖိုမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့
Jun 11,2021
အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံနှင့် စာရေးကရိယာများ ထောက်ပံ့ ခြင်းအခမ်းအနားကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jun 11,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်အသင်း (Youth Club) နှင့် ပူးပေါင်း၍ “အသေးစိတ်ကျကျ ဆောင်ရွက်မှသာ အောင်မြင်စွာ နေထိုင်နိုင်မည်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jun 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှ ရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာ စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များအား ပူဇော်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 11,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား ပူဇော်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ကဘဲ့ရပ်ကွက်၊ သရက်တော ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြု လုပ်သည်။
ကျောက်ကြီးမြို့နယ်၌နရွဲပင်ကျေးရွာစာသင်ကျောင်းဆောက်လုပ်နေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jun 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု နရွဲပင်ကျေးရွာ၌ အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ပါဋိပထမပြန်စာမေးပွဲအောင်လက်မှတ် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ပွဲဇော်ပွဲ အခမ်းအနားပြုလုပ်
Jun 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၌ (၂၂)ကြိမ်မြောက် ပထမပြန်စာမေးပွဲ အောင်လက်မှတ်ဆက်ကပ်ပွဲဇော်ပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်တွင် အနံ့မရရှိသူ ၁ ဦး အား Test Kit ဖြင့် ဒုတိယအကြိမ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ
Jun 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူ အသက် (၃၈)နှစ်အရွယ် အနံ့မရရှိသည့် အမျိုးသားတစ်ဦးအား ဇွန်လ ၆ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံတွင် တာဝန်ရှိသူများက Test Kit ဖြင့် ဒုတိယအကြိမ် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ဝေါမြို့တွင် ၂၀၂၀ ပြည့်နှစ် စာအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jun 11,2021
၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုငွေဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဝေါမြို့၊ရွှေဘုန်းပွင့် ဓမ္မရိပ်သာ ဓမ္မာရုံတွင် ကျင်းပပြု လုပ်သည်။