ဖန်လန်းရွာသစ်၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့ ၊ ဖန်လန်းရွာသစ်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖန်လန်းရွာသစ်ရှိ ပန်ခုံးလောင်း ဓမ္မာရုံ (ဓမ္မသုခမင်္ဂလာ) ဘုန်းတော်ကြီးကျောင်း၌ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။