ကျောက်ကြီး ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၌ (၂၂)ကြိမ်မြောက် ပထမပြန်စာမေးပွဲ အောင်လက်မှတ်ဆက်ကပ်ပွဲဇော်ပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဌ ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ ငါးပါးသီလ ခံယူတည်ဆောက်ခဲ့ကြသည်။
ဆက်လက်ပြီးကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ ပန်ကြားလျှောက်ထားကာ ပင့်သံဃာများအား လှူဖွယ်၀တ္ထုများ ဆက်ကပ်လှူဒါန်းပြီး ကျောက်ကြီးမြို့နယ်အတွင်း ၂၀၂၀ခုနှစ် အစိုးရ ဓမ္မာစရိယ(၂)ကျမ်းအောင်စာဖြေ သံဃာ(၁)ပါး၊ ပါဠိ ပထမပြန်အောင် ပထမကြီးတန်းတွင်စာအောင်သံဃာ (၃)ပါး၊ ပထမလတ်တန်းတွင် စာအောင်သံဃာ (၄)ပါး၊ ပထမငယ်တန်းတွင်စာအောင်သံဃာ(၃)ပါး၊ အခြေပြုမူလတန်းတွင် စာအောင်သံဃာ(၇)ပါး စုစုပေါင်းစာအောင်သံဃာ(၁၈)ပါးတို့အား စာအောင် လက်မှတ်နှင့် လှူဘွယ်ပစ္စည်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကုန်းကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော်က ရေစက်ချတရားချီးမြှင့်ခဲ့ကြောင်း သိရသည်။
K ခိုင်