သတင်းများ

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာ(၃)ဦးနှင့် ထိစပ်သူ(၂၈)ဦး အား ဆေးရုံဆင်းခွင့်ပြု
Jun 11,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဇီဝိတသံဃာဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသဖြင့် (Facility Quarantine) အသွားအလာကန့်သတ်ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ပေးလျက်ရှိသော အမျိုးသမီးလူနာ(၂)ဦးနှင့် သာရဘွင်အရှေ့ကမ်းရွာ ဘုရားရှိခိုး ကျောင်း (Facility Quarantine) အတွင်း ကျန်းမာရေးစောင့်ကြပ် ပေးနေသော ပိုးတွေ့လူနာ အမျိုးသမီး (၁)ဦး ပေါင်း(၃)ဦးအား ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် (၁၄)ရက်ပြည့်၍ ကျန်းမာရေး ကောင်းမွန်ပြီး ထူးခြားလက္ခဏာများ မရှိသဖြင့် မွန်းလွဲ ၂ နာရီအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရေးဂိတ်ဖွင့်လှစ် ဆောင်ရွက်
Jun 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မြို့အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kits ဖြင့် စစ်ဆေးခြင်းဂိတ်ကို ယနေ့ နံနက်(၈)နာရီက စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
Jun 11,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းသား၊ သမီးများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မနောရွှေပြည်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၄ နာရီက ပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိ
Jun 11,2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ပြန်လည်ဖြစ်ပေါ်နေလျက်ရှိရာ ကျောက်မဲမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ကျောက်မဲမြို့အဝင် ပင်လုံလမ်း၊ ပြည်သူ့ဆေးရုံကြီးရှေ့တွင် ယနေ့ ဇွန် ၁၁ နံနက်ပိုင်းမှ စ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းနှင့် အောင်မြင့်မိုရ် ကွက်သစ်သို့ ဆက်သွယ်သော ကိုယ့်အားကိုယ်ကိုး မြေနီလမ်းခင်းကျင်းဆောင်ရွက်
Jun 11,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ဒေသနေပြည်သူများ ဒေသဖွံဖြိုးတိုးတက် စေရန်နှင့် သွားလာမှုလွယ်ကူစေရန် ရည်ရွယ်၍ ဇီးကုန်းလေးရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းထိပ် ဘုရားကြီးကျောင်းတိုက်မှ အောင်မြင့်မိုရ် ကွက်သစ်အထိ ပြည်သူများ လွယ်ကူလျင်မြန်စွာ သွားလာနိုင် ရေးအတွက် ကိုယ့်အားကိုယ်ကိုး မြေနီကျောက်စရစ်ခင်း ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ကော့မှူးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 11,2021
၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင် သံဃာ/သီလရှင်များအား အောင်လက်မှတ်နှင့် နဝကမ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက် တောရကျောင်းလမ်း တောရကျောင်းတိုက်ရှိ မိဂဒါဝုန်ဓမ္မာရုံတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ရာ နာယကဆရာတော်များ၊ စာအောင် သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့မိမြို့ဖများ၊ မြို့နယ်ဥပဌာကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Jun 11,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက်ပိုင်းက ကမမောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jun 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူး မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။