နမ့်စန်တွင် အနံ့မရရှိသူ ၁ ဦး အား Test Kit ဖြင့် ဒုတိယအကြိမ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ

နမ့်စန်(တ) ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူ အသက် (၃၈)နှစ်အရွယ်  အနံ့မရရှိသည့် အမျိုးသားတစ်ဦးအား  ဇွန်လ ၆ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံတွင် တာဝန်ရှိသူများက Test Kit ဖြင့် ဒုတိယအကြိမ် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် အနံ့မရရှိသဖြင့် ဇွန်လ ၃ ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ သတင်းလာရောက်ပေးပို့ရာမှ Test Kit ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိဘဲ ဇွန်လ ၆ ရက်နေ့ ဒုတိယအကြိမ်ထပ်မံစစ်ဆေးခဲ့ရာတွင်လည်း ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများ၏ စီစဉ်ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ဆေးရုံဝန်း အတွင်းရှိ သံဃာဆေးကုသဆောင်တွင် (၁၁)ရက် အသွားအလာကန့်သတ်  ထားရှိမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)