၂၀၂၀ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များအား ပူဇော်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သပိတ်ကျင်း ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား ပူဇော်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ညနေ နာရီက ကဘဲ့ရပ်ကွက်၊ သရက်တော ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြု လုပ်သည်။

အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပထမပြန် ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ချမ်းသာကြီးကျောင်း ဆရာတော် ဘဒ္ဒန္တတေဇောသာရထံမှ ငါးပါးသီလ ခံယူတော်မူပြီး၊ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် မြိုနယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇောတိပါလ (သရက်တောကျောင်းတိုက်)ထံမှ ရေစက်ချအမျှပေးဝေမှုအား သာဓုမောဒနခေါ်ဆိုပြီး မြတ်စွာဘုရား အမှူးပြုသော သံဃာတော်များအား တက်ရောက် လာသည့် ပရိတ်သတ်များမှ ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် စာအောင်သံဃာ အခြေခံမူလတန်းမှ (၁၃)ပါး၊ ပထမကြီးတန်း()ပါး၊ ပထမလတ်တန်း ()ပါးတို့ အောင်မြင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)