သတင်းများ

သန်လျင်၌ စာရေးကိရိယာ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကျင်းပ
Jun 11,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၏ သားသမီးများအား ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ ရှင်စောပု ခန်းမ၌ ကျင်းပသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ အထောက်အကူပြု ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးဆောင်ရွက်
Jun 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် စီမံအုပ်ချုပ်ရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ အထောက်အကူပြု ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ကို ယမန်နေ့ နံနက် (၇) နာရီအချိန်တွင် ကဝမြို့၏ အနောက်ဘက် ကဝထုံးကြီး (ပဲခူး) မြစ်ကူး တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အူပင်မြို့တွင် ခရီးသည် ပို့ဆောင်ရေးယာဉ် အသင်းဆိုင်းဘုတ်တင်ပွဲပြုလုပ်
Jun 11,2021
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ယခင်ယဉ်ပြေးဆွဲလျက်ရှိသည့် မအူပင်စုပေါင်း ကားဂိတ်အမည်အစား ကောင်းထက်သူနှင့် ရွှေလမင်း ဂိတ်ခရီးသည်ပို့ဆောင်ရေးယဉ် အသင်းအဖြစ် ဆိုင်းဘုတ်တင်ပွဲ ကို ယနေ့ နံနက်၉နာရီက မအူပင်မြို့ ကားဂိတ်ဝန်းလက်မှတ်အရောင်းဌာနတွင် ပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့နယ် နဘူးတပ်နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများ၌ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 11,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများမှ နိုင်ငံသား စိစစ်ရေးကတ်မရှိ​သေးသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ် သို့မဟုတ် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိစေရန်အတွက် ရည်ရွယ်၍ ကော့ကရိတ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ တာဝန်ရှိသူများက  ပန်းခင်းစီမံချက် ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း​ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက  နဘူးတပ်နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများဖြစ်သည့် ၅၄၇၊ ၅၄၈၊ ၅၄၉တပ်များ၌   ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေး
Jun 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ၂၆ ရက်က   စတင်ထုတ်ချေးပေးလျက်ရှိရာ     ယနေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတခရိုင်ပြန်/ဆက်ရုံး Community Centre ခန်းမတွင် စာရေးဆရာ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
Jun 11,2021
ဟင်္သာတခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် Women Club အဖွဲ့တို့ ပူးပေါင်းပြီး  လူငယ်များစာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နေ့လည်(၁)နာရီက Community   Centre  ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်၏  “ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည် ။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ
Jun 11,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် က မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် ငါးသယံဇာတဖွံ့ဖြိုးတိုးတက်စေရေး ရဲရွာရေအားလျှပ်စစ်စီမံကိန်း ရေလှောင်တမံ အတွင်း ငါးသားပေါက်ကောင်ရေ(၉)သိန်းစိုက်ထည့်
Jun 11,2021
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ငါးသယံဇာတဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသတွင်း ငါးစားသုံးမှုတိုးတက်မြင့်မားစေရေးအတွက် ယနေ့နံနက်၈နာရီခွဲက ရဲရွာရေအားလျှပ်စစ် စီမံကိန်းရေလှောင်တမံအတွင်း ငါးသား ပေါက်ကောင်ရေ(၉)သိန်း စိုက်ထည့်ခဲ့ကြောင်းသိရသည်