သတင်းများ

ပေါင်မြို့နယ်တွင် အလှူရှင် ၃ ဦး စုပေါင်းလှူဒါန်းထားသည့် (Mask) ခုနှစ်သောင်းကို ကျန်းမာရေးဌာန၊ ပြည်သူလူထုများနှင့် ကန့်သတ်စောင့်ကြည့် စခန်းများတွင် အသုံးပြုသွားမည်
Sep 16,2020
ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီကို လှူဒါန်းထားသည့် Mask ခုနှစ်သောင်းကို ကျန်းမာရေးဌာန၊ ပြည်သူလူထုများနှင့် CBFQ စခန်းများတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ် ပလမြို့ အ၀င်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 16,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ဦးဆောင်သော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီခန့်က ပလမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများ အရှိတ်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့၊ သပြေညွှန့်ကျေးရွာအဝင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် လူဝင်၊ လူထွက် စစ်ဆေးခြင်းများဆောင်ရွက်
Sep 16,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ဘောဂလိမြို့၊ သပြေညွှန့်ကျေးရွာအဝင်တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖျာပုံခရိုင်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား စတုတ္ထ ၃ လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Sep 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား စတုတ္ထ ၃ လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မှစတင်၍ အိမ်အရောက် ထောက်ပံ့လျက်ရှိသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စည်ပင်သာယာမြို့မဈေးနှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Sep 16,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ အခြေခံစားသောက်ကုန်များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထန်တလန်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 16,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ထန်တလန်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် အသက်အာမခံထားရှိသူများမြင့်တက်
Sep 16,2020
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် အသက်အာမခံထားရှိသူများမြင့်တက် လာကြောင်း အာမခံဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်ပုဂ္ဂလိက အာမခံဝန်ဆောင်မှုလုပ်ငန်း တစ်ခုမှသိရသည်။