သတင်းများ

ရန်ကင်းမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်
Jun 11,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အမှတ်(၁၁)ရပ်ကွက်၊ သစ္စာလမ်း( TTC ကျောင်းဝင်း ရှေ့မှဆည်မြောင်းလမ်း အထိ)ရေစီးရေလာကောင်းမွန်စေရေး အတွက်ရေနုတ်မြောင်းတူးဖော်ခြင်း၊ နှာပေါက်ဖွင့်ခြင်းသဲ၊ ခဲထိုးခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းပြားမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်
Jun 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများ အား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး
Jun 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအသိပညာပေးကို ယနေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းက လူမူရေး ပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ရိပ်သာကျောင်းဓမ္မာရုံကြီး၌ ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jun 11,2021
၂၀၂၁ ခုနှစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဘောလုံးအားကစား ဆပ်ကော်မတီနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။
ပြည်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေး ပင်စင်ငွေများ စနစ်တကျ ထောက်ပံ့ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
Jun 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ငွေ များအား အဘိုးအဘွားများထံ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးအပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ကျောက်တန်းမြို့နယ် သံတဲကျေးရွာတွင် မြေသားရေကန်အနက်နှိုက်ခြင်းနှင့် HDPE Sheet ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jun 11,2021
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်နှင့် နွေရာသီ၌ ရေရှားပါးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကျေးရွာများတွင် မြေသားရေကန် တူးဖော်ခြင်း၊ ရေကန်အနက်နှိုက်ခြင်း၊ ရေကန်ခြံစည်းရိုးကာရန်ခြင်းနှင့် အမြင့်တင် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် သံတဲကျေးရွာတွင် မြေသားရေကန်အနက်နှိုက်ခြင်းနှင့် HDPE Sheet ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။