သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာထိန်းချုပ်ကာကွယ်နိုင်စေရေးအတွက် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်
Sep 16,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိရောက်စွာထိန်းချုပ်ကာကွယ်နိုင်စေရန်အတွက် မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်ရယူခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်၌ Cash For Work စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်း ကြောင့် ကျေးလက်နေပြည်သူများ မိမိတို့ကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်၍ ဝင်ငွေရရှိစေရေးအတွက် Cash For Work စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 16,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့စာကြည့်တိုက် စာအုပ်/စာစောင်များငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ဘိုးဘွားချမ်းမြေ့ ဘိုးဘွားရိပ်သာသို့ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်
Sep 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကွင်းဝိုင်းကျေးရွာရှိ ဘိုးဘွားချမ်းမြေ့ ဘိုးဘွားရိပ်သာသို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ် နေသည့် ကာလအတွင်း လိုအပ်သည့်ကဏ္ဍများတွင် ကျခံသုံးစွဲနိုင်ရေးအတွက် မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ယမန်နေ့ညနေ (၅)နာရီက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအရ ထောက်ပံ့ငွေ (၅၇၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ချောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဒုတိယအကြိမ် (Mask) များ စနစ်တကျ တပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်
Sep 16,2020
မကွေးတိုင်းဒေသကြီး ၊ချောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ဒုတိယအကြိမ် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်း နှင့် Mask အခုရေ သုံးသောင်းအား
ရှမ်းရွာသစ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်
Sep 16,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်ခွဲ အဖွဲ့ဝင်များအား ပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်တွင် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း Mask (၃၂၂၀)ခု လှူဒါန်း
Sep 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံး ပြုရန် ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည့် အဝတ်ဖြင့် ချုပ်လုပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ လှူဒါန်းထားသည့် လူကြီးနှာခေါင်းစည်း Mask နှင့် ကလေးနှာခေါင်းစည်း Mask များကို လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်အတွင်းရှိ စည်ပင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းမိသားစုများ၊ ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းမိသားစု များ၊ ထိန်ပင်သုဿန်နှင့် အမှိုက်ပုံဌာနမှ ဝန်ထမ်းမိသားစုများ၊ လှိုင်သာယာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် မိသားစုများအား ယမန်နေ့ ညနေ ၅ နာရီခန့်က ပေးအပ်လှူဒါန်းသည်။
မရမ်းကုန်းမြို့နယ်အတွင်း Quarantine Center အဖြစ် ဆောင်ရွက်မည့်နေရာသို့ ကွင်ဆင်းကြည့်ရှု
Sep 16,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၇)ရပ်ကွက်ရှိ ခရစ်ယာန်ရဟန်းဖြစ် တက္ကသိုလ်အား Quarantine Center အဖြစ် ဆောင်ရွက်ရေးအတွက် ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။