သတင်းများ

အုတ်ဖိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jun 11,2021
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီး ဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း ဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
၂၀၂၀ပြည့်နှစ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် သံဃာတော်များအား အောင်လက်မှတ်နှင့် အောင်ဆုများဆက်ကပ်
Jun 11,2021
၂၀၂၀ပြည့်နှစ်တွင် ကဝမြို့နယ်လုံးဆိုင်ရာ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား စူဠဘွဲ့နှင်းသဘင် အဖြစ် အောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၈:၃၀)နာရီတွင် ကဝမြို့စက်ကျောင်း ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးငွေဖြင့် ငှက်ကြီးဒေါင်းကျေးရွာ ကွန်ကရစ်လမ်း ဆောင်ရွက်မှု ၉၀ရာခိုင်နှုန်းပြီးစီး
Jun 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေဖြင့် ငှက်ကြီးဒေါင်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ၉၀ ရာခိုင်နှုန်း ပြီးစီးသည်ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
သာပေါင်းမြို့နယ်အတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းလွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ
Jun 11,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီး သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းလွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့က သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိ ပညာပေး Talk Show ဆောင်ရွက်
Jun 11,2021
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့၌ မွေးကင်းစမှအသက် (၁)နှစ်ခွဲအရွယ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 11,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် (၁၀:၀၀) နာရီ အချိန်က ဘားအံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့၌ (၂) လ မှ တစ်နှစ်ခွဲ ကလေးများအား ကာကွယ်ဆေး ထိုးခြင်း/တိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Jun 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့ခရိုင်၊ မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ခြင်း/တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား ထောက်ပံ့ချီးမြှင့်ငွေပေးအပ်
Jun 11,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား ယမန်နေ့ နံနက်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။