သတင်းများ

သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 11,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် ကမာဝက်မြို့၌ ငါးရံ့မင်းကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ
Jun 11,2021
မွန်ပြည်နယ်မုဒုံမြို့နယ် ကမာဝက်မြို့တွင် ငါးသယံဇာတတိုးပွားရေးနှင့်ဒေသတွင်း ငါးရိက္ခာဖူလုံ စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ကမာဝက်မြို့ ငါးရံ့မင်းကန်အတွင်းသို့ ငါးသားဖောက်ကောင်ရေ (၂၀၀၀၀) အား မျိုးစိုက်ထည့်ခဲ့သည်။
ချောင်းဆုံမြို့နယ် (Community Center) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ
Jun 11,2021
မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေး ပွဲကို ဇွန်လ ၁၁ ရက်နေ့ နံနက် (၁၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်
Jun 11,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ နယ်၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် အသက်(၂)လသားမှ (၁) နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်သည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး                                                                                   
Jun 11,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်း၌ ပုပိုင်းကျေးရွာအုပ်စုမှ တောင်သူ (၁၂) ဦး၏ စပါးသီးနှံစိုက်ဧက (၇) ဧကနှင့် နှမ်းသီးနှံစိုက်ဧက (၃၇) ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၄၇ သိန်း ၅ သောင်းကို ထုတ်ချေးပေးပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 11,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်
အစိုးရပါဠိပထမပြန်စာဖြေသံဃာတော်များအား ဌာနဆိုင်ရာများမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jun 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်တွင် (၁၇)ကြိမ်မြောက် အစိုးရ ပါဠိပထမပြန်စာဖြေပွဲကို ဇွန်လ (၇)ရက်နေ့မွန်းတည့် (၁၂)နာရီက စတင်ကျင်းပကြောင်း သိရသည်။