သတင်းများ

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား ပဉ္စမမြောက်နေ့ ရောဂါစစ်ဆေးခဲ့ရာ ရောဂါပိုးရှိသူ ၉ ဦးထပ်မံတွေ့ရှိ
Jun 11,2021
ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် ပဉ္စမ‌မြောက်နေ့ စစ်ဆေးမှုကို ဇွန် ၁၁ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးထပ်မံ‌တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jun 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှ ရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့၌ စာအောင်သံဃာတော်များ ချီးကျူးပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြု အခမ်းအနားကျင်းပ
Jun 11,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဟော်တော်ကျောင်းတိုက်၌ ၂၀၂၀ ပြည့်နှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား ချီးကျူးပူဇော်ပွဲနှင့် စူဠဘွဲ့နှင့်သဘင်းဂုဏ်ပြု အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ မြိုင်ကြီးငူအထူးဒေသရှိ နေရပ် ပြန်မည့် ပြည်တွင်းနေရပ်စွန့်ခွာအိမ်ထောင်စုများအား အိမ်မိုးသွပ်များနှင့် ပြောင်းရွှေ့စရိတ်များ ထောက်ပံ့
Jun 11,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသရှိ နေရပ်ပြန်ကြတော့မည့် ပြည်တွင်းနေရပ် စွန့်ခွာ အိမ်ထောင်စုများအတွက် အိမ်မိုးသွပ်များနှင့် ပြောင်းရွှေ့စရိတ်များ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
ဒေါပုံမြို့၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jun 11,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ် ပရိသတ်များ စုစည်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆောမြို့နယ် လောင်းရှည်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး​​​​​​​ 
Jun 11,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် ဝန်ထမ်းများက
ငဖဲမြို့နယ် မြို့တော်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရအား  ဂုဏပူဇာမင်္ဂလာနှင့်ဝိဇာတမင်္ဂလာ အထိမ်းအမှတ် အလှူတော်မင်္ဂလာကျင်းပ
Jun 11,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြို့မရပ်ကွက် မြို့တော်ဦးကျောင်းတိုက် ဆရာတော် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တကေသရအား နိုင်ငံတော်မှ ၁၃၈၂ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခြင်း အထိမ်းအမှတ် ဂုဏပူဇာနှင့်
ကျောက်တံခါးမြို့နယ်တွင် နွေရာသီအခြေခံအားကစား ဖူဆယ်ဘောလုံးသင်တန်းဖွင့်လှစ်ပို့ချ
Jun 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော နွေရာသီအခြေခံအားကစား ဖူဆယ် ဘောလုံးသင်တန်းကို အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(အနောက်ရပ်)တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။