သတင်းများ

တမူးခရိုင်၊ မြို့သစ်မြို့၊ (၇) ရက်တစ်စျေး‌နေ့တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် အပူချိန်တိုင်းတာခြင်းများ စစ်ဆေး
Sep 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် (၇) ရက်တစ်ဈေးနေ့သို့ လာရောက်ကြသူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် အပူ ချိန်တိုင်းတာခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့သစ်မြို့၊စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မင်းတပ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 16,2020
မင်းတပ်မြို့မစျေးနှင့် ပျံကျစျေးအတွင်းရှိ စျေးရောင်းစျေးဝယ်ပြည်သူများအား ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများကို ခရိုင်ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီအချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ကြရေး အသိပညာပေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်
Sep 16,2020
ပြည်တွင်းကူးစက်မှုများ မြင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ပန်းတောင်းမြို့တွင် ကူးစက်ပြန့်ပွားမှု မရှိစေရန် ယမန်နေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉​ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် မြိုနယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ ၊ NGO အဖွဲ့အစည်းများ ပူးပေါင်းကာ ပန်းတောင်းမြို့ လမ်းထွက်သွားလာနေကြသူများ၊ စျေးသွားလာနေကြသူများအား ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်ကြရေး အသိပညာပေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များကို ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းပို့ချ
Sep 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဝန်‌ဆောင်မှုရုံး(OSS)၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ပို့ချပေးသည်။
ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်
Sep 16,2020
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့ နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ နန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များ အကြောင်းသိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ယာကမ်းကျေးရွာတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
တွန်းဇံ၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 16,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၉)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 16,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေး ခန်းမ၌ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီကကျင်းပပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမည့်အချက်များအား ပြည်သူများသို့ အသိပေးနှိုးဆော်
Sep 16,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ လိုက်နာရမည့်အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် နှိုးဆော်ပေး ကြောင်း သိရသည်။