အုတ်ဖိုမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့

အုတ်ဖို ဇွန် ၁၁

အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံနှင့် စာရေးကရိယာများ ထောက်ပံ့ ခြင်းအခမ်းအနားကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းမှ ကျောင်းသားမိဘများအတွက် တစ်ဖက် တစ်လမ်းမှ ကူညီထောက်ပံ့ ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများအနေဖြင့် လည်းအေးချမ်းစွာ ပညာသင် ယူစေလိုကြောင်း အမှာစကားပြောကြားပြီး ဝန်ထမ်း သားသမီးများအား ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသား မိဘများ ကိုယ်စား ဦးကျော်မျိုးလွင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါထောက်ပံ့မှုမှာ အခြေခံပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလားစာအုပ်၊ခဲတံ၊ ဘောပင် စသည့် စာရေးကရိယာများ ထောက်ပံ့ခြင်းဖြစ်ပြီး  ကျောင်းသား၊ ကျောင်းသူ (၄၈) ဦးအတွက် ထောက်ပံ့မှုတန်ဖိုး (၄၀၃၃၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

အောင်သူ