နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နောင်ချို ဇွန် ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်အသင်း (Youth Club) နှင့် ပူးပေါင်း၍ “အသေးစိတ်ကျကျ ဆောင်ရွက်မှသာ အောင်မြင်စွာ နေထိုင်နိုင်မည်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေအသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူငယ်အသင်း (Youth Club) အဖွဲ့ဝင်များမှ နှစ်သက်ရာခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နောင်ချိုမြို့နယ်အနေဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကို တစ်လလျှင် (၁) ကြိမ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)