မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇွန် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းသား၊ သမီးများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မနောရွှေပြည်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၄ နာရီက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် ဝန်ထမ်းသား၊ သမီးများအား ထောက်ပံ့ငွေကျပ်၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် ထီးများ အသီးသီးပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် အထက်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ အလယ်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးနှင့် မူလတန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၁၇၀၀၀)၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် ထီးများ ငွေကျပ်တန်းဖိုး (၃၀၉၃၀၀)ရှိပြီး စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၂၆၃၀၀) ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)