ကလိန်အောင် ဇွန် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မြို့အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kits ဖြင့် စစ်ဆေးခြင်းဂိတ်ကို ယနေ့ နံနက်(၈)နာရီက စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ဇွန်လ(၁၁)ရက်နေ့မှစ၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၈)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။