နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းနှင့် အောင်မြင့်မိုရ် ကွက်သစ်သို့ ဆက်သွယ်သော ကိုယ့်အားကိုယ်ကိုး မြေနီလမ်းခင်းကျင်းဆောင်ရွက်

နတ်တလင်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ဒေသနေပြည်သူများ ဒေသဖွံဖြိုးတိုးတက် စေရန်နှင့် သွားလာမှုလွယ်ကူစေရန် ရည်ရွယ်၍ ဇီးကုန်းလေးရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းထိပ် ဘုရားကြီးကျောင်းတိုက်မှ အောင်မြင့်မိုရ် ကွက်သစ်အထိ ပြည်သူများ လွယ်ကူလျင်မြန်စွာ သွားလာနိုင် ရေးအတွက် ကိုယ့်အားကိုယ်ကိုး မြေနီကျောက်စရစ်ခင်း ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ လမ်းသည်အောင်မင်္ဂလာရပ်(၂) လမ်းနေပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာအသုံးပြု သည့် လမ်းတစ်လမ်းဖြစ်ကာ မိုးတွင်းကာလများတွင် ရွှံ့ဗွက်များဖြင့် သွားလာရေး အဆင်မပြေမှုများ ကြုံတွေ့နေကြောင်း သိရှိရ၍ ဒေသခံပြည်သူများ စုစုပေါင်း လှူဒါန်းငွေ သိန်း(၃၀)ကျပ်ဖြင့် အရှည်  ပေ ၉၀၀၊ အကျယ် ၁၂ ပေ၊ ထု မြေသား ၅ လက်မ၊ ကျောက် ၁ ပေရှိ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာဉ်စက်ကိရိများဖြင့် ပံ့ပိုးကူညီခဲ့ပြီး လုပ်ငန်းပြီးစီးပါက ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။