ပုသိမ်မြို့နယ်တွင် ပြည်သူများစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ
Jun 12,2021
ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြည်သူလူထု စာပေကို တန်ဖိုး ထားဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေး တတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၂ နာရီအချိန်က စာရေး ဆရာ ဖေမြင့် ရေးသားသည့် “အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ စုပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။