တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာ(၃)ဦးနှင့် ထိစပ်သူ(၂၈)ဦး အား ဆေးရုံဆင်းခွင့်ပြု

တနင်္သာရီ ဇွန် ၁၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဇီဝိတသံဃာဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသဖြင့် (Facility Quarantine) အသွားအလာကန့်သတ်ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ပေးလျက်ရှိသော အမျိုးသမီးလူနာ(၂)ဦးနှင့် သာရဘွင်အရှေ့ကမ်းရွာ ဘုရားရှိခိုး ကျောင်း (Facility Quarantine) အတွင်း ကျန်းမာရေးစောင့်ကြပ် ပေးနေသော ပိုးတွေ့လူနာ အမျိုးသမီး (၁)ဦး ပေါင်း(၃)ဦးအား ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် (၁၄)ရက်ပြည့်၍ ကျန်းမာရေး ကောင်းမွန်ပြီး ထူးခြားလက္ခဏာများ မရှိသဖြင့် မွန်းလွဲ ၂ နာရီအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

အလားတူ အထက်ဖော်ပြပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် အမျိုးသမီးများနှင့် ဆက်စပ်ပြီး ရောဂါပိုး (မတွေ့)ရှိသော အမျိုးသမီး(၂၈)ဦးကို သာရဘွင်အရှေ့ကမ်းရွာ ဘုရားရှိခိုးကျောင်းအတွင်း (Facility Quarantine) အသွားအလာ ကန့်သတ်ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ပေးလျက်ရှိရာ (၁၄)ရက်ပြည့် ပြီး ကျန်းမာရေးကောင်းမွန်ကြသဖြင့် ၎င်းတို့အားလုံး အား မိမိနေအိမ်အသီးသီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း Home Quarantine (၇)ရက် သွားလာနေထိုင်ဆောင်ရွက်ကြရန်ကိုလည်း တကူ(စံပြ)တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်က အသိ ပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

သို့ပါ၍ တကူ(စံပြ)တိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာအတွင်း ယနေ့ အထိ တကူသံတိုက်ရွာမှ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ အမျိုးသား(၂)ဦးသာ ကျန်ရှိနေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း