မြဝတီ ဇွန် ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့ (MMG)ရုံး၌ အိမ်တွင်းမှုလက်ပညာသင်တန်းဖြစ်သည့် ခြင်းရက်လုပ်နည်းကို ယနေ့ နံနက်(၉) နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းကို မြန်မာရွှေ့ပြောင်းအမျိုးသမီးများအတွက် အိမ်တွင်းမိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် အိမ်တွင်းမှုလက်မှုပညာသင်တန်းဖြစ်သည့် ခြင်းရက်လုပ်နည်းကို ဖွင့်လှစ်သင်ကြားစေကာ သင်တန်းနည်းပြဆရာမ ဒေါ်ကေခိုင်က သင်တန်းသူ(၂၀)ဦးကို လက်တွေ့သင်ကြားပို့ချခြင်းဖြစ်သည်။
သင်တန်းကို နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ အပတ်စဉ် ကြာသာပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်